စကားကြီးဆယ်ခွန်း
စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်။ မြန်မာလူမျိုး တို့က စကားကြီး ၁၀-မျိုးဟုခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။
၁။ ရေကူးညာတင်
၂။ ကောက်ပင်ရိတ်လှီး
၃။ ရေစီးဖောင်ဆန်
၄။ အိုးတန်ဆန်ခပ်
၅။ ဆီပွတ်ကျည်ပွေ့
၆။ ဆင်ဝှေ့ရန်ရှောင်
၇။ တောင်သူယာခုတ်
၈။ ကြက်ဆုတ်ခွပ်ပစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင်မောင်းနင်း
အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။
မော်လူး
ဆယ်စောင်တွဲ သင်တန်း မြန်မာပြန်ကျမ်း-မှ

0
responses to “
စကားကြီးဆယ်ခွန်း
”