ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည် "ဆီပွတ်ကျည်ပွေ့"ပြောနည်း မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်း၊ ရှားနှစ်လဲ ကောင်း+ကျွန်းလဲ ကောင်းဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့မှာ၊ မင်းရာဇာသည်၊ မဟာစေတီ၊ တည်ရာကြံ့ခိုင်၊ ပိန္နဲတိုင်ကို၊ အလိုရှိလစ်၊ မန်ကျည်းနှစ်လျှင်၊ ကျစ်လစ်အသား၊ မာ၏လားဟု၊ မေးငြားသောခါ၊ မန်ကျည်းလည်းမာ၊ ကျွန်းလည်းမာဟု၊ ပညာအလျောက်၊ ဆိုတုံမြောက်၍၊ နောက်ထပ်တခါ၊ ရှားနှစ်သာလျှင်၊ မာပါလိမ့်သား၊ မေးပြန်ငြားသော်၊ ရှားနှစ်ကားမာ၊ ကျွန်းလည်းမာဟု၊ ထပ်ကာမနေ၊ လျှောက်တင်လေ၍၊ မင်းဧကရာဇ်၊ ကျွန်းသားစစ်ကို၊ နှစ်သက်ချမ်းမြေ့၊ ဘောဝယ်တွေ့သည်၊ ဆီပွတ်ကျည်ပွေ့ ပြောနည်းတည်း။***
အောင်ပွဲရ ကဗျာ
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၄။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။



0
responses to “
ဆီပွတ်ကျည်ပွေ့ ပြောနည်း
”