တောင်သူယာခုတ် ​ပြောနည်း​

တောင်သူတို့​သည် ယာခုတ်လျှင် ခြံုငယ်သစ်ပင်ငယ်တို့​ကို ဦး​စွာရှင်း​လင်း​ခုတ်ထွင်ပြီး​မှ သစ်ပင်ကြီး​များ​ကို လှဲသကဲ့​သို့​ စကား​အရာတွင်လည်း​ ဦး​စွာစကား​ငယ်​ပြော၍ ​နောက်မှ စကား​ကြီး​များ​ကို ​ပြောခြင်း​ဖြင့်​ အနိုင်ယူခြင်း​သည် "​တောင်သူယာခုတ်"​ပြောနည်း​ မည်၏။
အမတ်ကြီး​ ​လေး​ဦး​နှင့်​ မ​ဟောသဓာသုခမိန်တို့​ ဥစ္စာနှင့်​ ပညာ ဘယ်ဟာက မြတ်သည်ဟူ​သော အငြင်း​ပွား​ပုံကို သာဓက ထုတ်အပ်၏။

လင်္ကာ
တောင်သူယာခုတ်၊​ မိန့်​ထုတ်ဝစန၊​ ပုံဆိုပြ​သော်၊​ ရဋ္ဌဝိ​ဒေ၊​ ဝိဓိပြည်၌၊​ ဝိ​ဒေဟရာဇ်၊​ မင်း​စစ်နရိန်၊​ ဘုန်း​ရာဇိန်၏၊​ သုခမိန်​ကျော်၊​ မ​ဟော်ပညတ်၊​ သိန်း​အမတ်တ်ို့​၊​ ဆိုလတ်များ​စွာ၊​ စကား​မှာ၌၊​ ပညာဓန၊​ ထိုနှစ်ဝတွင်၊​ ဓနအမြတ်၊​ သိန်း​အမတ်က၊​ ဆိုလတ်​သောခါ၊​ ပညာသာမြတ်၊​ မ​ဟော်မတ်က၊​ ထပ်၍တဖန်၊​ ဆို​လေပြန်​သော်၊​ မ​ဟော်သဓာ၊​ ငယ်နုစွာမို့​၊​ မှန်ရာမသိ၊​ ဥစ္စာရှိမှ၊​ ခယဝပ်တွား​၊​ လူအများ​တို့​၊​ စကား​နာခံ၊​ သိန်း​ဆိုပြန်​သော်၊​ မ​ဟော်ဝိဒူ၊​ သိတတ်သူက၊​ ဓနဥစ္စာ၊​ ရှိ​ပေရှာလည်း​၊​ ​ရောဂါဥပဒ်၊​ ကပ်ငြိ​သောခါ၊​ မသိပါလျှင်၊​ ပညာရှိ​ရှေ့​၊​ ဆည်း​ကပ်၍သာ၊​ မှီခိုလာ၏၊​ ​ပြောပြန်ဘိက၊​ ဝိ​ဒေဟရာဇ်၊​ ရှင်မင်း​စစ်သည်၊​ အနှစ်ဥစ္စာ၊​ ရတနာနှင့်​၊​ ပြည်ရွာရဋ္ဌ၊​ အစိုး​ရ၍၊​ များ​စွာ့​လူ​ပေါင်း​၊​ ခဝပ်​ညောင်း​သည်၊​ စကား​ချီ​သော်၊​ မ​ဟော်​သေနက၊​ ပဏ္ဍိတက၊​ ဗုဒ္ဓမြတ်စွာ၊​ စိ​န္တေယျာမှာ၊​ ဥစ္စာမရှိ၊​ သို့​ဖြစ်ဘိလည်း​၊​ ဉာဏ်ကြီး​မြု​တေ၊​ ထွန်း​တောက်​ဝေ၍၊​ ​ဒေဝ,ဗြဟ္မာ၊​ မနုဿာတို့​၊​ ပူဇာမြို့​ဟု၊​ ဗဟုဝစနာ၊​ ​ပြောကြရာတွင်၊​ ​ရှေး​လျှင်အစ၊​ သိမ်ငယ်ပဟု၊​ ​နောက်မှကြီး​လျှက်၊​ သီး​သီး​တက်၍၊​ မိန့်​မြွက်ထူ​ထောင်၊​ ဉာဏ်စွမ်း​ပြောင်သည်၊​ ​တောင်သူယာခုတ် စကား​တည်း​။
***

အောင်ပွဲရ ကဗျာ
၁။ ​ရေကူး​ညာတင်၊​ ​ပြောရိုး​တွင်၊​ ဉာဏ်ယှဉ်ပါက ​အောင်ပွဲရ။
၂။ ​ကောက်ပင်ရိတ်လှီး​၊​ ​ပြောဆိုနည်း​၊​ ဉာဏ်မှီး​ပါက ​အောင်ပွဲရ။
၃။ ​ရေစီး​ဖောင်ဆန်၊​ ​ပြောဆိုဟန်၊​ ​ဝေဖန်နှိုင်း​ဆ ​အောင်ပွဲရ။
၄။ အိုး​တန်ဆန်ခတ်၊​ ပမာဟပ်၊​ ​ပြောတတ်ပါက ​အောင်ပွဲရ။
၅။ ဆီပွတ်ကျည်​ပွေ့​၊​ ​ပြောဆို​လေ့​၊​ လက်​တွေ့​မှန်လှ ​အောင်ပွဲရ။
၆။ ဆင်​ဝှေ့​ရန်​ရှောင်၊​ ပမာ​ဆောင်၊​ လူ့​ဘောင်​လောက ​အောင်ပွဲရ။
၇။ ​တောင်သူယာခုတ်၊​ ညွှန်း​ဖော်ထုတ်၊​ မယုတ်မှန်လှ ​အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊​ ထုံး​စနစ်၊​ စင်စစ်မှန်လှ ​အောင်ပွဲရ။
၉။ ​ရေစစ်​သောလား​၊​ ပမာထား​၊​ စကား​ဆိုက ​အောင်ပွဲရ။
၁၀။ ခက်တင်​မောင်း​နင်း​၊​ ​ပြောဆိုခြင်း​၊​ မယွင်း​မှန်လှ ​အောင်ပွဲရ။





0 responses to “ တောင်သူယာခုတ် ​ပြောနည်း​ ”

Leave a Reply