အိုးတန်ဆန်ခပ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် "အိုးတန်ဆန်ခပ်"ပြောနည်း မည်၏။
သားရွှေအိုး ထမ်းလာသည်ကို မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
အိုးတန်ဆန်ခပ်၊ စကားရပ်ကို၊ မှတ်စိမ့်သောငှာ၊ အလင်္ကာဖြင့်၊ မယ်ပါရိက၊ ဒုကူလတို့၊ ဖြစ်ကြပျက်အင်၊ မျက်မမြင်ကို၊ သက်ငင်ဆွဲကာ၊ သုဝဏ္ဏာလျှင်၊ တောမှာတစေ၊ လုပ်ကျွေးနေ၍၊ ရှည်ကြာကာလ၊ တိုင်ရောက်မှလျှင်၊ ဗာရာ့ပြည့်ရှင်၊ မုဆိုးသွင်က၊ တောခွင်လည်ရာ၊ သုဝဏ္ဏာကို၊ မြင်ပါသော်ငြား၊ ထိုသူ့အားကို၊ သားကောင်အသွင်၊ စိတ်ဝယ်ထင်၍၊ မဆင်ခြင်လစ်၊ လေးနှင့်ပစ်သော်၊ ဆိုးညစ်ကြမ္မာ၊ ကံကြောင့်သာဟု၊ ပြစ်ဆာမတင်၊ မွေးမိခင်နှင့်၊ ဖခင်ကိုသာ၊ လုပ်ကျွေးပါဟု၊ သာယာသံချို၊ လျှောက်ပန်ဆို၍၊ ထိုခဏတွင်၊ ဇီဝိန်ပြတ်ကြွေ၊ သားမောင်သေမှ၊ မိနှင့်ဖတို့၊ ရောက်လာကြလျှင်၊ သိကြားမြင်သော်၊ ပူပင်သောက၊ မရှိကြလင့်၊ သားလှသက်ရှင်၊ မျက်စိမြင်နှင့်၊ ရွှေစင်သပြာ၊ အိုးရတနာကို၊ လိုရာတခု၊ လျှောက်တင်ပြုလော့၊ ယခုအလို၊ ပြည့်အံ့ဆိုလျှင်၊ လိုရာမတ၊ ရွှေအိုးရ၍၊ သားလှမျက်နှာ၊ မြင်လိုပါဟု၊ သုံးဖြာလုံးကို၊ သိမ်းပိုက်ဆိုသည်၊ ဉာဏ်ကို အားကိုး၊ စကားမျိုးသည်၊ အိုးတန်ဆန်ခပ် ပြောနည်းတည်း။***
အောင်ပွဲရ ကဗျာ
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၄။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။



0
responses to “
အိုးတန်ဆန်ခပ် ပြောနည်း
”