ရေစီး​ဖောင်ဆန် ​ပြောနည်း​

ဖောင်ကြီး​သည် အညာသို့​ ဆန်​သောကာလ လိုရာရှိသမျှကို တင်ယူ၍ ဖြည်း​ညင်း​သာယာစွာ ဆန်လျှင် လိုရာအရပ်သို့​ ​ရောက်နိုင်သကဲ့​သို့​ စကား​အရာတွင်လည်း​ ဥပမာ, ဥပ​မေယျ တို့​ဖြင့်​ ဖြည်း​ညင်း​ သာယာစွာ လိုရာ​ရောက်​အောင် ​ပြောဆိုခြင်း​သည် "​ရေစီး​ဖောင်ဆန် ​ပြောနည်း​"မည်၏။
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က "အ​ဆွေ​တော်"ဟု ​ရေး​သား​သည်ကို ဒွါရဝတီမင်း​က မ​ကျေနပ်၍ ဟံသာဝတီသား​တို့​က ​ပြေလည်​အောင် ​ဖြေရှင်း​ပုံကို သာဓက ထုတ်အပ်၏။

လင်္ကာ
​ရေစီး​ဖောင်ဆန်၊​ ​ပြောဆိုဟန်မှာ၊​ ဒွါရာဝတီ၊​ ​ရွှေပြည်သနင်း​၊​ ဘုရင်မင်း​သည်၊​ တနင်း​သာရီ၊​ စစ်မက်ချီ၍၊​ ​နေသည်ခဏ၊​ တပ်ကြီး​ချလျှင်၊​ ရာဇာ့​ဓိရာဇ်၊​ သိတုံလစ်​သော်၊​ တား​မြစ်အံ့​ငှာ၊​ ​တောင်း​ပန်စာဖြင့်​၊​ ပညာရှိမတ်၊​ ​စေလွှတ်လတ်လျှင်၊​ ထိုစာတွင်၌၊​ အ​ဆွေ​တော်ဟု၊​ ​ရေး​ဖော်​လေချက်၊​ မနှစ်သက်၍၊​ အမျက်ပြင်း​စွာ၊​ ထွက်​သောခါဝယ်၊​ ရာဇာဓိရာဇ်၊​ သံ​တော်စစ်က၊​ အနှစ်ရသာ၊​ အထူး​ပါ​အောင်၊​ မြတ်စွာဗုဒ္ဓ၊​ ပမာပြ၍၊​ ဘုရာ့​နောင်​တော်၊​ ဤသို့​ခေါ်ဟု၊​ ​ဆွေ​တော်လည်း​စစ်၊​ မင်း​မဖြစ်မီ၊​ အကြည်​တော်ဟု၊​ မ​ခေါ်ထိုက်​ပေ၊​ မင်း​ဧကရာဇ်၊​ ထီး​ဆောင်း​ဖြစ်မှ၊​ ဧကရာဇ်ချင်း​၊​ ဆက်စာသွင်း​သော်၊​ အ​ဆွေ​တော်ဟု၊​ ​ရေး​ဖော်မြဲ​ပေ၊​ ​လျှောက်တင်​လေ​သော်၊​ ​ရွှေပြည်ဘုရင်၊​ သ​ဘောဝင်၍၊​ ​ပြောအင်ဆိုနည်း​၊​ လွန်​မြှောက်ချီး​သည်၊​ ​ရေစီး​ဖောင်ဆန် စကား​တည်း​။
***


အောင်ပွဲရ ကဗျာ
၁။ ​ရေကူး​ညာတင်၊​ ​ပြောရိုး​တွင်၊​ ဉာဏ်ယှဉ်ပါက ​အောင်ပွဲရ။
၂။ ​ကောက်ပင်ရိတ်လှီး​၊​ ​ပြောဆိုနည်း​၊​ ဉာဏ်မှီး​ပါက ​အောင်ပွဲရ။
၃။ ​ရေစီး​ဖောင်ဆန်၊​ ​ပြောဆိုဟန်၊​ ​ဝေဖန်နှိုင်း​ဆ ​အောင်ပွဲရ။
၄။ အိုး​တန်ဆန်ခတ်၊​ ပမာဟပ်၊​ ​ပြောတတ်ပါက ​အောင်ပွဲရ။
၅။ ဆီပွတ်ကျည်​ပွေ့​၊​ ​ပြောဆို​လေ့​၊​ လက်​တွေ့​မှန်လှ ​အောင်ပွဲရ။
၆။ ဆင်​ဝှေ့​ရန်​ရှောင်၊​ ပမာ​ဆောင်၊​ လူ့​ဘောင်​လောက ​အောင်ပွဲရ။
၇။ ​တောင်သူယာခုတ်၊​ ညွှန်း​ဖော်ထုတ်၊​ မယုတ်မှန်လှ ​အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊​ ထုံး​စနစ်၊​ စင်စစ်မှန်လှ ​အောင်ပွဲရ။
၉။ ​ရေစစ်​သောလား​၊​ ပမာထား​၊​ စကား​ဆိုက ​အောင်ပွဲရ။
၁၀။ ခက်တင်​မောင်း​နင်း​၊​ ​ပြောဆိုခြင်း​၊​ မယွင်း​မှန်လှ ​အောင်ပွဲရ။




0 responses to “ ရေစီး​ဖောင်ဆန် ​ပြောနည်း​ ”

Leave a Reply