ကောက်ပင်ရိပ်လှီး ပြောနည်း
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဖက်ဖြင့် ဆုတ်သိမ်းကာ တံဇဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျံုးဖမ်းယူပြီးမှ အရင်းက ဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် "ကောက်ပင်ရိတ်လှီး ပြောနည်း"မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။
လင်္ကာ
ကောက်ပင်ရိတ်လှီး၊ ပုံတနည်းမှာ၊ ရှေးအခါဝယ်၊ ဥစ္စာကြွယ်ငြား၊ သူဌေးသားသည်၊ မြှားပစ်ရာဝယ်၊ ဗျိုင်းသူငယ်ကို၊ အလွယ်ဖြင့်သာ၊ ရခဲ့ပါသော်၊ အာသာရှိငြား၊ တဦးသားက၊ ငါ့ဗျိုင်းမှန်လျက်၊ သင့်လက်နက်ကြောင့်၊ အသက်ခန္ဓာ၊ ဆုံးရရှာပြီ၊ သာမညဗျိုင်း၊ ဘောမပိုင်းနှင့်၊ နေ့တိုင်းရက်စဉ်၊ ရွှေစင်တကျပ်၊ ချီလာလတ်၍၊ မပြတ်ငါ့အား၊ ပေးလာငြား၏၊ စကားထိုသို့၊ ဆိုတုံမြို့သော်၊ မချို့ဧကန်၊ အကယ်မှန်မူ၊ ယမန်လူက၊ ထို့တူပေးငြား၊ နှစ်,လ များကို၊ မိန့်ကြားစမ်းပါ၊ ဆိုသောခါလျှင်၊ ကြာရှည်လှပြီ၊ အခါလည်ဟု၊ ပြောသည်ခဏ၊ ရေတွက်ဆသော်၊ သုံးရာ့ခြောက်ဆယ်၊ ထိုရက်ဝယ်တွင်၊ ရွှေစင်သုံးရာ၊ ခြောက်ဆယ်သာပြီ၊ ငါ့အိမ်ရှေ့တွင်၊ ထားသည့်အင်ကို၊ နေ့စဉ်ခိုးယူ၊ သင်မူလက်ခံ၊ သို့ဖြစ်ဟန်ကြောင့်၊ အမြန်ပေးလေ၊ ဆိုတုံလေသော်၊ မနေရွံ့ကြောက်၊ ပေးရမြောက်သည်၊ ကောက်ပင်ရိတ်လှီး စကားတည်း။***
အောင်ပွဲရ ကဗျာ
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နှိုင်းဆ အောင်ပွဲရ။
၄။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။


0
responses to “
ကောက်ပင်ရိပ်လှီး ပြောနည်း
”